Big Daddy
ဆန်နီဟာ ဥပဒေဘွဲ့ရထားပေမယ့် ရှေ့နေမလုပ်ဘဲ လမ်းကြေးကောက်တဲ့ဂိတ်မှာ အလုပ်လုပ်နေသူပါ။ ဘဝကို အလေးအနက်မထားဘဲ ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတာကြောင့် ရည်းစားဖြစ်သူ ဗနက်ဆာက မနှစ်သက်ဘဲ လမ်းခွဲဖို့ ပြောလာပါတယ်။ ရှေ့နေဖြစ်စေချင်တဲ့ ဖခင်နဲ့လည်း အလုပ်ကိစ္စကြောင့် အဆင်မပြေဘူး။ ဒီလိုအချိန်မှာ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ ဂျူလီယန်က ဆန်နီ့အခန်းဖော် ကယ်ဗင်ရဲ့သားပါ။ ကယ်ဗင်ကိုယ်တိုင် သားရှိမှန်းမသိခဲ့ဘဲ ရုတ်တရက် ကလေးရောက်လာချိန်မှာ သူက တရုတ်ပြည်ကို သွားနေပါတယ်။ ဆန်နီလည်း ဗနက်ဆာ စိတ်ပြန်လည်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂျူလီယန်ကို မွေးစားဖို့ လုပ်ပါတော့တယ်။ ကိုယ့်အတွက်ကလွဲရင် တခြားသူကို တာဝန်ယူလေ့မရှိတဲ့ ဆန်နီတစ်ယောက် ကလေးနဲ့အတူ နေထိုင်ရတဲ့အခါ ဘယ်လိုပေါက်တတ်ကရတွေ လုပ်မိဦးမလဲဆိုတာကို ဟာသနဲ့ ဒရာမာရောပြီး ပြထားပါတယ်။ ဆန်နီအဖြစ် Adam Sandler သရုပ်ဆောင်ထားတဲ့ ၁၉၉၉ ခုနှစ်ထွက် ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း