Baking All the Way
ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ ဟင်းချက်နည်းစာအုပ်အသစ်မှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္စမတ်ကွတ်ကီးကို ရှာနေပါတယ်။ လက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်းသလို တစ်နိုင်ငံလုံးက မုန့်တိုက်တွေဆီကိုလည်း ကွတ်ကီးတွေပို့ပေးဖို့ သတင်းလွှင့်ထားတယ်။ ပို့လာတဲ့အထဲက အကောင်းဆုံးကို သူ့စာအုပ်မှာ ဖော်ပြပေးမှာပါ။ တစ်နေ့မှာ Hampton Grove ဆိုတဲ့ နယ်မြို့လေးက မုန့်တိုက်တစ်တိုက်ဆီက ကွတ်ကီးတွေ ရောက်လာပါတယ်။ အရသာက Julia ရှာနေတဲ့ပုံစံနဲ့ ကွက်တိကျနေတော့ ဒီဆိုင်ရဲ့ကွတ်ကီးကို ရွေးလိုက်ပြီဆိုတဲ့အကြောင်း လူကိုယ်တိုင် ဝမ်းသာအားရ သွားပြောတယ်။ ဒါပေမဲ့ ဆိုင်ရှင်ဆီက ကြားရတာက သူတို့ဆိုင်က ဘာကွတ်ကီးမှ မပို့ခဲ့ဘူးဆိုတဲ့စကားပါ။ ကွတ်ကီးလုပ်နည်းကိုလည်း လူအများသိအောင် ထုတ်ပြောဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ Julia က လက်မလျှော့ဘဲ နောက်တစ်ခေါက် ပြန်ဖျောင်းဖျဖို့ သွားတဲ့အခါ ဆိုင်ရောင်းအား မကောင်းတဲ့အကြောင်း သိလာရတယ်။ အဲဒီမှာ ဆိုင်ရဲ့ရောင်းအားကို ၅၀ ရာခိုင်နှုန်း တိုးလာအောင် လုပ်ပေးနိုင်ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲ ထည့်ခွင့်ပေးဖို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်ပါတယ်။ ခရစ္စမတ်ကာလအတွင်း Julia တစ်ယောက် ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရတော့မှာပါ။
ဇာတ်လမ်းအကြောင်း