ဇာတ်ကားများ ရွေးရန်

Little Nicky

2000ဇာတ်ကားအမှတ် 5.9/1090 မိနစ်

ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုတဲ့ သားသုံးယောက်ရှိပါတယ်။ နစ်ကီက ပျော့ညံ့ပြီး အစ်ကိုနှစ်ယောက်ရဲ့ ဗိုလ်ကျနှိပ်စက်မှုကို အမြဲခံနေရသူပါ။ တစ်နေ့မှာတော့ စေတန်သခင်ကြီး ငရဲပြည်ကို အုပ်ချုပ်လာတာ နှစ်တစ်သောင်းပြည့်တဲ့နေ့ ရောက်လာတယ်။ နှစ်တစ်သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်းမျဉ်းရှိပေမယ့် စေတန်က ဘယ်သူ့ကိုမှ မလွှဲဘဲ ကိုယ်တိုင်ပဲ ဆက်အုပ်ချုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အေဒရီယန်နဲ့ ကတ်ဆီးရပ်စ်တို့က မကျေမနပ်ဖြစ်ပြီး ငရဲပြည်အသစ်ဖန်တီးဖို့ ကမ္ဘာမြေပေါ် ထွက်သွားကြတယ်။ သူတို့ထွက်သွားတဲ့လမ်းက ဝိညာဉ်တွေဝင်ဖို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ပေါက်ပါ။ အဝင်ဂိတ်ကို အထွက်လမ်းအဖြစ် သုံးလိုက်တာကြောင့် ဂိတ်ဝကြီးခဲသွားပြီး ဝိညာဉ်တွေ ဝင်မရတော့ဘူး။ စေတန်လည်း တဖြည်းဖြည်း အားနည်းလာကာ အသက်အန္တရာယ်ရှိလာပါတယ်။ အဲဒီတော့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါ်ပြီး ဖခင်ကိုကယ်ဖို့ တာဝန်က နစ်ကီ့အပေါ် ကျလာတယ်။ စကားထစ်တတ်ပြီး အူကြောင်ကြောင်နိုင်တဲ့ နစ်ကီတစ်ယောက် ကမ္ဘာမြေပေါ်ရောက်လာတဲ့အခါ ကြုံရတဲ့ အလွဲအချော်တွေကို ဟာသအဖြစ် ရိုက်ကူးထားပါတယ်။ နစ်ကီအဖြစ် Adam Sandler ပါဝင်သရုပ်ဆောင်ထားတာပါ။

ဇာတ်လမ်းအကြောင်း