Ride On
စတန့်သမားဟောင်း လော့ကျီလုံမှာ သားအရင်းလို ချစ်ရတဲ့ မြင်းလေး ဖိုးနီပဲ အဖော်ရှိပါတယ်။ နှစ်ယောက်တည်း အလုပ်လိုက်ရှာပြီး ဆင်းဆင်းရဲရဲ အသက်မွေးနေရတယ်။ သမီး ရှောင်ပေါင်ကလည်း ဖခင်အပေါ် စိတ်နာစရာတွေ ရှိနေလို့ စကားမပြောဘဲ အဆက်ဖြတ်ထားပါတယ်။ အဖိုးအိုအတွက် ဖိုးနီက သူနဲ့ မခွဲချင်တဲ့ မိသားစုဝင်တစ်ယောက်ပါပဲ။ ဖိုးနီကို အရင်ကုမ္ပဏီပိုင်ရှင် ဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာဖြစ်ပေမယ့် အဲဒီကုမ္ပဏီ ဒေဝါလီခံရတဲ့နောက်မှာ ပြဿနာပေါ်လာတယ်။ ကုမ္ပဏီအသစ်က မြင်းကို ကုမ္ပဏီပိုင်ပစ္စည်းဆိုပြီး သိမ်းဖို့ ကြိုးစားလာသလို အကြွေးရှင်တွေကလည်း အကြွေးအစား ယူချင်နေကြတယ်။ လော့ကျီလုံဟာ ဖိုးနီကို လက်လွှတ်မခံရဖို့ ရုန်းကန်ရတော့တာပါ။ ဂျက်ကီချန်းက အဓိကပါဝင်ထားပြီး CGI မတွင်ကျယ်သေးခင် ဟောင်ကောင်ရုပ်ရှင်ခေတ်က စတန့်သမားတွေရဲ့ ဘဝနဲ့ ခံစားချက်တွေကို ဂုဏ်ပြုထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း