ဇာတ်ကားများ ရွေးရန်

Do Revenge

2022ဇာတ်ကားအမှတ် 6.4/10118 မိနစ်

ဒရေယာက အမေနဲ့နှစ်ယောက်တည်း နေရပြီး ငွေကြေးမပြေလည်ပေမယ့် ရို့စ်ဟေးလ်ကျောင်းမှာ ပညာသင်ဆုနဲ့ တက်ခွင့်ရထားသူပါ။ သူ့ရည်မှန်းချက်က နာမည်ကျော် ရေးလ်တက္ကသိုလ်ကို တက်ရဖို့ဖြစ်ပြီး ကျောင်းက လူချမ်းသာသားသမီးတွေကြား ဝင်ဆံ့အောင်လည်း နေတတ်ပါတယ်။ ဒါပေမယ့် ချစ်သူသူဌေးသား မက်စ်ဆီကနေ သူ့ရဲ့လိင်ဆက်ဆံမှုဗီဒီယို ပျံ့နှံ့လာတဲ့အခါ ဒရေယာရဲ့ဘဝက ပြောင်းလဲသွားတယ်။ စိတ်မြန်လက်မြန်နဲ့ မက်စ်ကို လက်သီးနဲ့ထိုးလိုက်ပြီးနောက် အချစ်ဆုံးသူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး ကျောင်းမှာ အပယ်ခံဖြစ်သွားပါတယ်။ အဲဒီလိုအချိန်မှာ ဒရေယာအတွက် အဖော်ရလာသူက နွေရာသီတင်းနစ်စခန်းမှာ ဆုံခဲ့တဲ့ အယ်လီနောပါ။ အယ်လီနောကလည်း သူ့လိုပဲ စိတ်ဒဏ်ရာတွေရှိနေတဲ့ လိင်တူချစ်သူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရေစက်က တင်းနစ်စခန်းမှာတင် ရပ်မသွားဘဲ ကျောင်းမှာပါ ဆက်ဆုံလာတဲ့အခါ နှစ်ယောက်ပေါင်းပြီး ဘယ်လိုတွေ ပြန်မွှေကြမလဲ။ Camila နဲ့ Maya Hawkes တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း