ဇာတ်ကားများ ရွေးရန်

I Am What I Am

2021ဇာတ်ကားအမှတ် 7.0/1099 မိနစ်

အားကျွမ်းရဲ့မိဘတွေက အဝေးမှာ စီးပွားရှာနေရတာကြောင့် သူက နှစ်သစ်ကူးရောက်ရင် မိသားစုစုံစုံလင်လင်နဲ့ ဆုံချင်နေပါတယ်။ ရွာမှာတော့ သူဟာ အားနည်းပြီး လူတကာရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ လူငယ်လေးတစ်ယောက်ပါ။ ရွာရဲ့နှစ်သစ်ကူးခြင်္သေ့အကပြိုင်ပွဲမှာ အနိုင်ကျင့်ခံရပြီးနောက် ခြင်္သေ့ခေါင်းအကက သူ့ဘဝထဲကို ဝင်လာခဲ့တယ်။ ဒီကာတွန်းဇာတ်ကားက အားကျွမ်းရဲ့ စိတ်ကူး၊ အိပ်မက်နဲ့ မျှော်လင့်ချက်တွေအပြင် တရုတ်နှစ်သစ်ကူးမှာ ခြင်္သေ့ခေါင်းအကကို ဘာကြောင့်ကကြသလဲ၊ ပြိုင်ပွဲတွေမှာ ဘယ်လိုစည်းကမ်းတွေရှိသလဲဆိုတာကိုပါ အသားပေးထားပါတယ်။ လောကဓံ ဘယ်လိုပဲကြုံရပါစေ ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်နေတဲ့ အားကျွမ်းတစ်ယောက် မိသားစုနဲ့ ပြန်ဆုံရပါ့မလား။ သူစိတ်ဝင်စားလာတဲ့ ရိုးရာခြင်္သေ့အကမှာရော ဘယ်အတိုင်းအတာအထိ ဖျော်ဖြေနိုင်မလဲ။

ဇာတ်လမ်းအကြောင်း