My Heroic husband
ကျန်းနင်မြို့တော်က စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ဒုတိယကိုယ်လုပ်တော်က မွေးဖွားလာတဲ့ စူးဝမ်ရှင်းဟာ ဖခင်ရဲ့အရိုက်အရာကို ဆက်ခံပြီး အထည်ဆိုင်ကို ဦးစီးချင်နေပါတယ်။ ဒါပေမယ့် နင်ယိနဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေ ရုန်းမထွက်နိုင်တဲ့အတွက် သူမျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ နင်ယိနဲ့ စူးထန်အာတို့ ဝူသူမြို့တော်မှာ စီးပွားရေးလုပ်ဖို့ ပြောင်းရွှေ့ကြတဲ့အခါတော့ အခွင့်အရေးရလာတယ်။ သူတို့က မထွက်ခွာခင် စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲပေးခဲ့ကြတာပါ။ အိမ်တော်ရဲ့တာဝန်ကို ယူခွင့်ရဖို့ မမျှော်လင့်တော့တဲ့ စူးဝမ်ရှင်းလည်း ပြန်ပြီး စိတ်အားထက်သန်လာကာ ကိုယ့်အစွမ်းအစကို ပြဖို့ စိတ်ကူးထားပါတယ်။ ဒါပေမယ့် စူးအိမ်တော်ကလူတွေက သူ့ကို အရည်အချင်းရှိလို့ တာဝန်ရသူအဖြစ် မမြင်ဘဲ ကံကောင်းသွားတာလို့ပဲ ထင်နေကြတယ်။ ဒါကြောင့် စူးဝမ်ရှင်းဟာ သူ့စွမ်းရည်ကို သက်သေပြဖို့ ဖူယွမ်မြို့တော်ဆီ စီးပွားရေးလုပ်ဖို့ ထွက်လာခဲ့ပါတယ်။ သူ့ကို အထင်သေးသူတွေရဲ့အမြင်ကို ပြောင်းနိုင်မလား၊ လုပ်ငန်းလုပ်ရင်း ဘယ်လိုအခက်အခဲတွေ ကြုံရမလဲဆိုတာကို အချစ်နဲ့ဟာသ ရောစပ်ထားတဲ့ ဒီဇာတ်လမ်းမှာ တွေ့ရမှာပါ။ ဒီခရီးမှာ သူ့အတွက် အချစ်တစ်ခုရော ပေါ်လာနိုင်မလား။
ဇာတ်လမ်းအကြောင်း