ဇာတ်ကားများ ရွေးရန်

The Exorcism of God

2022ဇာတ်ကားအမှတ် 7.2/1098 မိနစ်

အတွေ့အကြုံမရှိသေးတဲ့ ဖာသာတစ်ပါးက မကောင်းဆိုးရွားပူးကပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်တင်ချင်လို့ အပနှင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နတ်ဆိုးရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ ပူးကပ်ခံထားရတဲ့ မိန်းကလေးနဲ့ လိင်ဆက်ဆံမိသွားတယ်။ အဲဒီနောက် နတ်ဆိုးက ထွက်သွားတာကြောင့် လူတွေကတော့ ဖာသာဟာ မကောင်းဆိုးရွားကို နှင်ထုတ်နိုင်ခဲ့ပြီလို့ ထင်ပြီး သူတော်စင်တစ်ပါးအဖြစ် ချီးမြှောက်လာကြပါတယ်။ တကယ်ဖြစ်ခဲ့တဲ့ကိစ္စကိုတော့ သူရယ်၊ ဘုရားသခင်ရယ်၊ နတ်ဆိုးရယ်ပဲ သိနေတယ်။ နတ်ဆိုးထွက်သွားခြင်းရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်ရှိနေမှန်း နောက်ထပ် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါလာအောင် သိမ်းသွင်းဖို့ ကြိုးစားလာတယ်။ လူကိုပူးနေတဲ့ နတ်ဆိုးကို နှင်ထုတ်တာကနေ ဘုရားသခင်ကို နှင်ထုတ်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ခေါင်းစဉ်ဆီ ဇာတ်လမ်းက ရောက်လာတာပါ။ ဘုရားသခင်ရဲ့ အစီအစဉ်နဲ့ နတ်ဆိုးရဲ့ အစီအစဉ်တွေကို ယှဉ်ပြထားသလို ဗာတီကန်က ဘုန်းတော်ကြီးတွေ လိုက်နာရတဲ့ စည်းမျဉ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုလည်း သရော်ပြီး မေးခွန်းထုတ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း