ဇာတ်ကားများ ရွေးရန်

Last Kind Words

2012ဇာတ်ကားအမှတ် 4.7/1085 မိနစ်

အီလိုင်တို့မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးတစ်မြို့ကို ပြောင်းလာကြပါတယ်။ သူတို့နေမယ့်အိမ်ရှိတဲ့ ခြံကြီးက အမေရိကန်ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ နောက်ခံရှိပြီး လူမည်းကျွန်များစွာ ကြိုးပေးခံခဲ့ရတဲ့ နေရာလည်း ဖြစ်နေတယ်။ အီလိုင်က အထီးကျန်တဲ့အခါတိုင်း တောထဲ သွားလေ့ရှိပါတယ်။ သူ့အနားမှာ မကြာခဏရှိနေတဲ့ အမန်ဒါဆိုတဲ့ မိန်းကလေးနဲ့လည်း ရင်းနှီးလာတယ်။ ဒါပေမယ့် အမန်ဒါရဲ့ နောက်ကြောင်းမှာ အီလိုင် မသိသေးတဲ့အဖြစ်တွေ ရှိနေပြီး အဲဒီအကြောင်းတွေကို သိလာတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် ထိတ်လန့်ဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း