ဇာတ်ကားများ ရွေးရန်

Fast 888 (or) Pard 888

2016ဇာတ်ကားအမှတ် 6.0/1095 မိနစ်

ဖွန်က ဘတ်စ်ကားအမှတ် ၈၈၈ ကို မောင်းတဲ့သူဖြစ်ပြီး သူငယ်ချင်း ဝင်းကတော့ အဲဒီကားမှာ စပယ်ယာလုပ်ပေးနေပါတယ်။ ဖွန့်ဇနီး မီအာဟာ အဖေနဲ့ ဖွန်ကြားမှာ ဖွန့်ကို ရွေးပြီး လိုက်လာခဲ့သူပါ။ ဒါကြောင့် ဖွန်ကလည်း ဇနီးကို အလိုလိုက်အကြိုက်ဆောင်ပြီး နေလာခဲ့တယ်။ တစ်ရက်မှာ ဖွန်နဲ့ ဝင်းတို့ ဘတ်စ်ကားမောင်းလာရင်း ဖွန့်ဝါသနာအတိုင်း တခြားဘတ်စ်ကားတစ်စီးနဲ့ အပြိုင်မောင်းရာက အလွဲတွေ စပါတော့တယ်။ ကားပေါ်မှာလည်း ဖွန့်ကို မကြည်လို့ ဘရိတ်ကြိုးဖြတ်ဖို့ ကြံနေတဲ့အဖွဲ့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့အဖွဲ့ ရှိနေတယ်။ ဒါတင်မကဘဲ ကောင်မလေးကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်နေသူ၊ မော်ဒယ်အဖွဲ့၊ လျှို့ဝှက်သလို နေထိုင်နေတဲ့ ညီအစ်ကိုနှစ်ယောက်၊ ရောဂါသည်တစ်ယောက်နဲ့ သီချင်းဆိုပြိုင်ပွဲဝင်ဖို့ လာသူတို့လည်း ခရီးသည်တွေအဖြစ် ပါလာကြပါတယ်။ အဲဒီကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့ အကြောင်းစုံကို ဟာသနှောထားပြီး ဖွန်အဖြစ် Chuanchen Chaet၊ ဝင်းအဖြစ် Nick Kunatip နဲ့ မီအာအဖြစ် Tangmo Nida Patcharaveerapong တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း