ဇာတ်ကားများ ရွေးရန်

Bol Bachchan

2012ဇာတ်ကားအမှတ် 5.8/10155 မိနစ်

အဗာစ်ဟာ အမွေဆိုင်အိမ်ကြီးအတွက် အမှုရင်ဆိုင်ရင်း ရှုံးနိမ့်သွားတဲ့နောက် ဘဝရပ်တည်ဖို့တောင် အခက်တွေ့လာပါတယ်။ ကြံရာမရတော့တဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးရွာလေးမှာ အခြေချဖို့ ထွက်လာခဲ့တယ်။ အဲဒီရွာမှာ ဩဇာအာဏာအကြီးဆုံးသူက ပရစ်ထဗီရာဂျ်ပါ။ နည်းနည်းရိုးအပြီး လိမ်ပြောတာကိုတော့ လုံးဝမကြိုက်သူဖြစ်တယ်။ သူ့ကို လိမ်ခဲ့ဖူးတဲ့ အလုပ်သမားတစ်ယောက်ကို ရိုက်နှက်ခဲ့လို့ အဲဒီလူမှာ ဆေးရုံအကြာကြီး တက်ခဲ့ရဖူးပါတယ်။ အဗာစ်ကတော့ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီရာဂျ်ဆီမှာ အလုပ်ဝင်လုပ်ဖြစ်သွားတယ်။ လိမ်တာကို မုန်းတဲ့လူဆီမှာ အလုပ်လုပ်နေရပေမယ့် အဗာစ်ရဲ့အလိမ်တွေက တစ်ခုပေါ်တစ်ခု ထပ်လာပါတော့တယ်။ အဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့ အဓိကပါဝင်ထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း