Puss in Boots: The Last Wish
ဘွတ်ဖိနပ်စီးကြောင်ကြီးမှာ ကြောင်ပီပီ အသက်ကိုးချောင်းရှိခဲ့ပေမယ့် မဆင်မခြင်လုပ်ရင်း အသက်တွေ ဆုံးရှုံးခဲ့တာ နောက်ဆုံးတစ်ချောင်းပဲ ကျန်ပါတော့တယ်။ အရင်လို အသက်ကိုးချောင်း ပြန်ရဖို့ဆိုပြီး ဆုတောင်းတစ်ခု ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို ရှာဖို့ ထွက်လာခဲ့တယ်။ အဲဒီကြယ်က မှော်ဝင်တောအုပ်ကြီးထဲမှာ ရှိနေပြီး လူဆိုးပေါင်းစုံကလည်း လိုက်ရှာနေကြတာပါ။ ဒီခရီးမှာ ရန်သူတွေ၊ မိတ်ဆွေတွေနဲ့ မိသားစုတွေကို ဘယ်လိုတွေ့ကြုံပြီး ရင်ဆိုင်သွားရမလဲဆိုတာကို ဆက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်က Puss in Boots ရဲ့ အဆက်ဖြစ်ပြီး ဒီတစ်ခါမှာ ဒါရိုက်တာ Joel Crawford က ရိုက်ကူးထားပါတယ်။ အဓိကအသံသရုပ်ဆောင်ကတော့ Antonio Banderas ပဲဖြစ်ပြီး ဂိုဒီ့အဖြစ် Florence Pugh၊ ဝက်ဝံအမေအဖြစ် Olivia Colman တို့လည်း ပါဝင်ထားတယ်။ ပုံဆွဲဟန်က အရင်ကားနဲ့ မတူတော့ဘဲ Spider-Man: Into the Spider-Verse နဲ့ The Bad Guys တို့ကို အမှတ်ရစေတဲ့ ဒီဇိုင်းမျိုး ပြောင်းထားတဲ့ ဟာသစွန့်စားခန်း ကာတွန်းရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း