Requiem for a Scream
အာတီမစ်ဟာ ဆုံးပါးသွားတဲ့ အစ်မရဲ့အရိုးပြာတွေကို ကြဲဖို့ မြို့ပြင်က အပန်းဖြေအိမ်တစ်လုံးဆီ သူငယ်ချင်းတွေကို ခေါ်လာခဲ့ပါတယ်။ သူတို့မသိထားတာက အဲဒီနေရာမှာ လူသတ်သမားတစ်ယောက် ကျင်လည်နေတာပါ။ သူက သတ်ဖြတ်ခံရသူတွေရဲ့ နာကျင်ခံစားရတဲ့အသံတွေကို သီချင်းတစ်ပုဒ်လို သဘောကျနေသူ ဖြစ်ပါတယ်။ အာတီမစ်တို့အဖွဲ့ကို မျက်စိကျသွားတဲ့အခါ လူသတ်သမားဟာ သူတို့အားလုံးကို သတ်ဖို့ ကြိုးစားလာပါတော့တယ်။ သူငယ်ချင်းတွေအားလုံး အသက်ရှင်လွတ်မြောက်နိုင်ကြမလား၊ သူတို့ရဲ့အသံတွေကပဲ လူသတ်သမားအတွက် သံစဉ်အသစ် ဖြစ်သွားမလား။ ဒါမှမဟုတ် သူ့မှာ တခြားလိုချင်တာတစ်ခုခု ရှိနေသေးတာလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားတဲ့ ၂၀၂၂ ခုနှစ်ထွက် ထိတ်လန့်လူသတ်ကားပါ။
ဇာတ်လမ်းအကြောင်း