What Josiah Saw
ဝီးလိုးလမ်းမကြီးပေါ်က ဂရေဟမ်မိသားစုရဲ့ စိုက်ခင်းမှာ သရဲခြောက်တယ်ဆိုတာ တစ်မြို့လုံး သိကြပါတယ်။ ဒါပေမယ့် ဖခင် ဂျိုဆိုင်းယား၊ မိခင် မီရီယမ်နဲ့ သားသမီးသုံးယောက်ဖြစ်တဲ့ အီလိုင်၊ မယ်ရီ၊ တွမ်မီတို့ကြားက အတိတ်ဆိုးကိုတော့ ဘယ်သူမှ မသိကြဘူး။ ဘာသာရေးကိုင်းရှိုင်းပြီး မိသားစုကို ချစ်တဲ့ မီရီယမ်ဟာ ဘာကြောင့် ဝက်သစ်ချပင်မှာ ကြိုးဆွဲချပြီး အသက်ဆုံးခဲ့သလဲဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်နေပါတယ်။ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံထဲမှာ ဂျိုဆိုင်းယားနဲ့ သားအငယ်ဆုံး တွမ်မီတို့ပဲ ကျန်ခဲ့ကြတယ်။ အိမ်က ထွက်သွားတဲ့ အီလိုင်ကတော့ လေလွင့်နေပြီး လောင်းကစားအကြွေးတွေ ပြန်ဆပ်ဖို့ ကြိုးစားနေရပါတယ်။ မယ်ရီလည်း ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် အိမ်ထောင်သည်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတယ်။ တစ်နေ့မှာ ရေနံကုမ္ပဏီတစ်ခုက ပိုက်လိုင်းဆောက်ဖို့ သူတို့ခြံကို ငွေအမြောက်အမြားပေးပြီး ဝယ်ဖို့ ကြိုးစားလာပါတယ်။ အဲဒီအခါ ငွေလိုနေတဲ့ အီလိုင်နဲ့ အတိတ်ကို မမေ့နိုင်သေးတဲ့ မယ်ရီတို့ ခြံဆီ ပြန်လာကြတယ်။ မောင်နှမသုံးယောက် ပြန်ဆုံကြရင်း အတိတ်က ဖြစ်ရပ်ဆိုးတွေကို အစပြန်ဖော်မိတဲ့အခါ ဘာတွေ ဆက်ဖြစ်လာကြမလဲ။
ဇာတ်လမ်းအကြောင်း