Suicide Forest Village
ဖူဂျီတောင်ပတ်လည်က တောတွေထဲမှာ Suicide Forest လို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီး ရှိပါတယ်။ ဒီတောထဲ ရောက်သွားသူတွေဟာ ပြန်မထွက်နိုင်တော့ဘဲ ကျိန်စာမိပြီး ကိုယ့်အသက်ကိုယ် အဆုံးစီရင်ကြရတယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်း ဂျပန်မှာ ရှိခဲ့တယ်။ ဇာတ်လမ်းအစမှာ အခိနဆိုတဲ့ ကောင်မလေးက အဲဒီတောထဲဝင်ပြီး တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ထုတ်လွှင့်နေရင်း တိုက်ခိုက်ခံရပြီး လဲကျသွားတဲ့နောက် သူနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဟိဘိခိကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို စိတ်ဝင်စားပြီး ဝါသနာတူသူတွေ စုထားတဲ့ အဖွဲ့ထဲမှာလည်း ပါဝင်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့အစ်မရဲ့အိမ်ကနေ Suicide Forest ထဲက ကျိန်စာသင့်သေတ္တာတစ်လုံးကို ရှာတွေ့သွားပါတယ်။ အဲဒီသေတ္တာကို ထိမိတဲ့သူတိုင်း ကျိန်စာသင့်ပြီး သေဆုံးရမယ်လို့ ဆိုကြတယ်။ ဟိဘိခိတို့ မိသားစုက ဒီသေတ္တာကို ဘယ်လိုကိုင်တွယ်ကြမလဲ၊ သူတို့နဲ့ တောထဲကရွာကြားမှာ ဘယ်လိုပတ်သက်မှုတွေ ရှိခဲ့သလဲဆိုတာကို ဆက်ဖော်ထုတ်သွားပါတယ်။ Ju On: The Grudge နောက်ဆက်တွဲကားတွေ၊ Howling Village နဲ့ Ox-head Village တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့ နောက်ထပ် ထိတ်လန့်ဇာတ်ကားတစ်ကားပါ။
ဇာတ်လမ်းအကြောင်း