Cheaper by the Dozen
ပေါလ်ဘေကာနဲ့ ကိတ်ဘေကာတို့မှာ သမီးနှစ်ယောက်နဲ့ မွေးစားသားတစ်ယောက် ရှိပါတယ်။ အိမ်ထောင်ရေး အဆင်မပြေတော့တဲ့အခါ နှစ်ဦးသဘောတူ ကွာရှင်းလိုက်ကြပေမယ့် သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြပြီး ကိတ်ကလည်း ကလေးတွေကို ကူထိန်းပေးတယ်။ ဇိုဝီဘေကာကတော့ ဒေါမ်ကလေတန်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ရထားပြီး အဲဒီအိမ်ထောင်ရေးကို အဆုံးသတ်ထားသူပါ။ သိပ်မကြာခင် ပေါလ်နဲ့ ဇိုဝီ တွေ့ဆုံကြပြီး မိသားစုတစ်စုအဖြစ် ပေါင်းစည်းလိုက်ကြတယ်။ နောက်တော့ အမြွှာနှစ်ယောက်စီ နှစ်ကြိမ်ထပ်မွေးလာလို့ ဘေကာမိသားစုက ပိုပြီး အင်အားတောင့်လာပါတယ်။ မိသားစုဝင်တိုင်းမှာ ကိုယ်စီအိပ်မက်တွေ ရှိကြပြီး အဲဒီအိပ်မက်တွေအတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြတယ်။ ကိုယ်လိုချင်ခဲ့တဲ့အရာဟာ ကိုယ်နဲ့ တကယ်ကိုက်ညီရဲ့လား၊ ရလာတဲ့အခါ တကယ်ပျော်ရွှင်ရရဲ့လားဆိုတဲ့ အတွေးတွေနဲ့အတူ မိသားစုအချင်းချင်း တိုင်ပင်ဖေးမကြပုံကို ပြထားပါတယ်။ Walt Disney Pictures ထုတ်လုပ်ပြီး Gail Lerner ရိုက်ကူးထားတဲ့ မိသားစုဟာသကားဖြစ်ကာ ၁၉၅၀ နဲ့ ၂၀၀၃ ခုနှစ်က နာမည်တူဇာတ်ကားတွေကို ခေတ်နဲ့အညီ ပြန်လည်ဆန်းသစ်ထားတာပါ။ ပေါလ်အဖြစ် Zach Braff၊ ကိတ်အဖြစ် Erika Christensen၊ ဇိုဝီအဖြစ် Gabrielle Union နဲ့ ဒေါမ်အဖြစ် Timon Durrett တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း