Bachchhan Paandey
မာယာဟာ ကိုယ်ပိုင်ဇာတ်ကားတစ်ကား ရိုက်ခွင့်ရဖို့ ကြိုးစားနေတဲ့ လက်ထောက်ဒါရိုက်တာတစ်ယောက်ပါ။ အတွေးသစ်အမြင်သစ်တွေနဲ့ လက်စွမ်းပြချင်ပေမယ့် ရှေးရိုးစွဲတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းထဲမှာ နေရာရဖို့ မလွယ်ဘူး။ ထုတ်လုပ်သူကလည်း ခေတ်စားနေတဲ့ ဂန်းစတားအကြောင်း ရိုက်ရင် အမြတ်ရဖို့ သေချာတယ်ဆိုပြီး အဲဒီလိုဇာတ်ညွှန်းမျိုး ယူလာဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ မာယာက နာမည်ကြီးဂန်းစတားတွေအကြောင်း စုံစမ်းရင်း ဘချမ်းပန်ဒေးဆိုတဲ့ လူမိုက်ကြီးအကြောင်း သိလာတယ်။ သူ့ကိုကြောက်လို့ ရဲတချို့တောင် နှုတ်ထွက်ကြသလို တခြားလူမိုက်တချို့ကလည်း အပြင်မှာနေရတာထက် ထောင်ထဲက ပိုလုံခြုံတယ်ဆိုပြီး မထွက်ချင်ကြတဲ့အထိပါပဲ။ မာယာကတော့ ဒီလူမိုက်ကြီးအကြောင်းကို ရုပ်ရှင်ရိုက်ဖို့ ကြိုးစားလာပါတယ်။ ဘချမ်းပန်ဒေးရဲ့အကြောင်းကို တဖြည်းဖြည်း ဖော်ပြသွားတဲ့ အက်ရှင်၊ မှုခင်းနဲ့ ဟာသရောထားတဲ့ ဇာတ်ကားဖြစ်ပြီး မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေလည်း ပါပါတယ်။ အက်ရှေးကူးမားနဲ့အတူ မာယာအဖြစ် Kriti Sanon၊ Jacqueline Fernandez တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း