ဇာတ်ကားများ ရွေးရန်

Dark Water

2002ဇာတ်ကားအမှတ် 6.8/10101 မိနစ်

ယိုရှိမီဟာ ခင်ပွန်းနဲ့ ကွာရှင်းပြီးနောက် သမီးလေး အီကုကိုကို ဘယ်သူထိန်းသိမ်းစောင့်ရှောက်မလဲဆိုတဲ့ကိစ္စနဲ့ အငြင်းပွားနေရပါတယ်။ အဲဒီကြားမှာပဲ သမီးနဲ့အတူ နေဖို့ တိုက်ခန်းတစ်ခု ရှာတွေ့သွားတယ်။ တိုက်က ဆောက်ထားတာကြာပြီဖြစ်ပြီး သူတို့အခန်းရဲ့ မျက်နှာကျက်ကနေ ရေစိမ့်ကျနေပါတယ်။ တိုက်ခန်းမန်နေဂျာကို အကြောင်းကြားပေမယ့် ပြေလည်သွားတာ မရှိဘူး။ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားတဲ့ ကလေးမလေးတစ်ယောက်ဟာ အီကုကိုတက်တဲ့ ကျောင်းမှာပဲ တက်ခဲ့ဖူးတယ်။ တစ်ယောက်ယောက်က ခေါ်သွားတာဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့် ကလေးမလေးရဲ့ သတင်းအစအနတော့ မရသေးဘူး။ ဒီအချိန်မှာ သူတို့အခန်းထဲ ရေစိမ့်ကျတာက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီး သားအမိနှစ်ယောက် ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ ကြုံလာကြပါတယ်။ ပျောက်နေတဲ့ ကလေးမလေးဟာ သူတို့အပေါ်ထပ်အခန်းမှာ နေခဲ့ဖူးတယ်ဆိုတာ သိလာရတဲ့အခါ ယိုရှိမီအတွက် သမီးကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ပူပန်စရာဖြစ်လာတယ်။ Dark Water ကို The Ring နဲ့ Sadako တို့ရဲ့ ဖန်တီးရှင် Hideo Nakata က ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း