The Machine
The Machine ဟာ ဟာသပညာရှင် Bert Kreischer ရဲ့ ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးအကြောင်းကို စိတ်ကူးယဉ်အဖြစ်အပျက်တွေ ထပ်ဖြည့်ပြီး ရိုက်ကူးထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားပါ။ Bert ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အဖြစ် လူသိများတဲ့ Mark Hamil က သူ့အဖေအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲက Bert ဟာ ရုရှားမှာ သူကြုံခဲ့တဲ့အကြောင်းတွေကို ဟာသလုပ်ပြီး အမြဲပြောတတ်တဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ တစ်နေ့မှာတော့ အတိတ်က သူ့လုပ်ရပ်တွေကြောင့် သူနဲ့အဖေ နှစ်ယောက်လုံး ရုရှားကို ပြန်ပေးဆွဲခေါ်သွားတာ ခံလိုက်ရတယ်။ Bert လုယူခဲ့ဖူးတဲ့ ပစ္စည်းတစ်ခုက ရုရှားမာဖီးယားတွေရဲ့ ဂိုဏ်းအာဏာလုပွဲမှာ အရေးပါတဲ့ပစ္စည်း ဖြစ်နေခဲ့တာပါ။ သားအဖနှစ်ယောက်ဟာ အဲဒီပစ္စည်းကို ပြန်ရှာရင်း ရုရှားမာဖီးယားတွေကြားမှာ ဘယ်လိုအဖြစ်တွေ ကြုံရဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း