ဇာတ်ကားများ ရွေးရန်

Rally Road Racers

2023ဇာတ်ကားအမှတ် 7.5/1092 မိနစ်

လိုးရစ်မျောက်မျိုးနွယ်တွေ နေထိုင်တဲ့ ရွာလေးက ချီချီဟာ ပြိုင်ကားမောင်းပြီး ဆုတွေယူဖို့ အရူးအမူး ကြိုးစားနေတဲ့ ကောင်လေးပါ။ ဒါပေမယ့် သူ့အဘွားကတော့ ခွင့်မပြုဘူး။ တစ်နေ့မှာ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးက သူတို့ရွာကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ ကြိုးစားလာပါတယ်။ အိမ်ကို ပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီက ဗိန်းနဲ့ အပေးအယူတစ်ခု လုပ်လိုက်တယ်။ ပြိုင်ကားလောကရဲ့ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူအနိုင်ရရင် ရွာနဲ့အိမ်ကို ပြန်ပေးဖို့ပါ။ ဒီလိုနဲ့ အနိုင်ရဖို့ မလွယ်တဲ့ ပြိုင်ပွဲကြီးကို မိတ်ဆွေတွေနဲ့ သူ့ကိုချစ်တဲ့သူတွေရဲ့ အကူအညီယူပြီး ချီချီ ဝင်ပြိုင်ဖြစ်သွားပါတယ်။ ကားပြိုင်ပွဲကို အခြေခံထားတဲ့ ၂၀၂၃ ခုနှစ်ထွက် ကာတွန်းရုပ်ရှင်ဖြစ်ပြီး မိသားစုမေတ္တာ၊ ဟာသနဲ့ စွန့်စားခန်းတွေ ပါဝင်ပါတယ်။ Agents of SHIELD မှာ အေးဂျင့်ဒေစီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chloe Bennet က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း