ဇာတ်ကားများ ရွေးရန်

White Noise

2022ဇာတ်ကားအမှတ် 5.6/10136 မိနစ်

ဂျက်ဟာ ဟစ်တလာအကြောင်း အထူးပြုလေ့လာတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ဖြစ်ပြီး ဇနီးဘာဘတ်၊ ကလေးလေးယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ သူ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာတစ်ယောက်ပါ။ ဇာတ်လမ်းအစမှာ သူတို့က ဟစ်တလာနဲ့ အဲလ်ဗစ်၊ အဲဒီလူနှစ်ယောက်ကို အားပေးကြသူတွေကြားက တူညီချက်တွေကို ဆွေးနွေးနေကြတယ်။ အဲဒီနောက် စွန့်ပစ်ပစ္စည်းတွေ သယ်လာတဲ့ရထား လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီး ပေါ်လာတဲ့အခါ အားလုံး ထွက်ပြေးကြရတော့တယ်။ ရုတ်တရက်ရောက်လာတဲ့ ကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းရင်း ဂျက်မှာ စုံစမ်းစရာ နောက်တစ်ခုလည်း ရှိနေပါတယ်။ သူ့ဇနီးသောက်နေတဲ့ ဆေးလုံးတွေဟာ ဘာဆေးတွေလဲဆိုတာ ဘယ်သူမှ မသိကြတာပါ။ ၁၉၈၅ ခုနှစ်က Don DeLillo ရေးသားခဲ့တဲ့ ဝတ္ထုကို Noah Baumbach က ပြန်လည်ရိုက်ကူးထားပြီး လူတွေရဲ့အတွေးနဲ့ ကြောက်စိတ်တွေကို သရော်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Baumbach ဟာ Marriage Story ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ခေါင်းစဉ်ထဲက White Noise ဆိုတာ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းအားလုံး ပါဝင်တဲ့အသံကို ဆိုလိုတာပါ။

ဇာတ်လမ်းအကြောင်း