ဇာတ်ကားများ ရွေးရန်

The Lost Hero Of Ayodhya

2022ဇာတ်ကား110 မိနစ်

ယယ်ဆိုတဲ့ တိုင်းရင်းဆေးသမားတော်လေးဟာ ရိုးသားဖြူစင်ပြီး ဇနီးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သူပါ။ လူနာတွေကိုလည်း အခမဲ့ဆေးကုသပေးလေ့ရှိတယ်။ ဒါပေမယ့် လုန်ထလောက်ဆိုတဲ့လူက ယယ်ရဲ့ဇနီးကို လိုချင်နေပြီး ယယ်ကို အဝေးရောက်သွားအောင် အကြောင်းအမျိုးမျိုးဖန်ဖို့ ကြံစည်နေပါတယ်။ တစ်နေ့မှာ လုန်ထလောက်က ဗမာစစ်သူကြီးနေမျိုးရဲ့ခေါင်းကို သွားဖြတ်ယူလာဖို့ ယယ်ကို အပေးအယူလုပ်လာတယ်။ ခေါင်းကို မပုပ်မသိုးဘဲ ယူလာနိုင်ရင် အကြွေးတွေ ကျေအောင်လုပ်ပေးမယ့်အပြင် ဆုငွေပါပေးမယ်ဆိုပြီး မြူဆွယ်တာပါ။ ယယ်ကလည်း အကြွေးကျေချင်သလို ဇနီးအတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေလေးရှိစေချင်တာနဲ့ လက်ခံလိုက်ပါတယ်။ လူနာတွေကို ဆေးကုသပေးနေတဲ့ သမားတော်တစ်ယောက်အတွက် ဒီအလုပ်က ဘယ်လိုအခက်အခဲတွေ ရှိလာမလဲ၊ စစ်သူကြီးရဲ့ခေါင်းကို သတ်မှတ်ထားတဲ့အတိုင်း ယူလာနိုင်ပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ ထိုင်းလူရွှင်တော်များစွာ ပါဝင်ထားပြီး အက်ရှင်နဲ့ စွန့်စားခန်းတွေကို ဟာသနှောပြီး တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း