Spoiler Alert
Spoiler Alert မှာ The Big Bang Theory ထဲက မင်းသား Jim Parson က လိင်တူချစ်သူ အမျိုးသားမိုက်ကယ်အဖြစ် ပါဝင်ထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတာဖြစ်ပြီး အချစ်အပေါ် လူတွေ အဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ မသေချာမှုတွေကို ပြောထားတဲ့ ဟာသဒရာမာပါ။ အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံတာလား၊ ရယူပိုင်ဆိုင်ချင်တာလား။ ကျားမ၊ အသက်အရွယ်၊ အသားအရောင် မတူကြသူတွေကြားမှာ အချစ်ကို မြင်ပုံချင်းလည်း ကွာနိုင်ပါတယ်။ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ စကားများတတ်ကြတဲ့အခါ သွေးသားမတော်စပ်တဲ့ လူတစ်ယောက်နဲ့ အချစ်တစ်ခုတည်းကြောင့် နှစ်ရှည်လများ အတူရှိနေနိုင်မလားဆိုတာ စဉ်းစားစရာပါ။ တကယ်ချစ်သူဆိုတာ ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်အနားက ထွက်မသွားသူလို့ ပြောကြပေမယ့် အဲဒီအချိန် တကယ်ရောက်လာရင်ရော သေချာနိုင်ပါ့မလား။ ကိုယ့်အတွက် သင့်တော်တဲ့သူကို တွေ့ခွင့်ရခဲ့ရင်တောင် တွေ့ဆုံတဲ့အချိန်ကပါ သင့်တော်နေမလားဆိုတဲ့ မေးခွန်းတွေကို မိုက်ကယ်ရဲ့အကြောင်းကနေတစ်ဆင့် တင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း