ဇာတ်ကားများ ရွေးရန်

Uunchai

2022ဇာတ်ကားအမှတ် 6.0/10169 မိနစ်

အွန်၊ အာမစ်၊ ဘူပန်နဲ့ ဂျာဗစ်တို့ဟာ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲမခွာရှိနေကြတဲ့ သူငယ်ချင်းလေးယောက်ပါ။ သူတို့ထဲက ဘူပန်က ဧဝရတ်တောင်ကို စွဲလမ်းသူဖြစ်ပြီး တောင်တက်ခရီးတွေ အမြဲသွားလေ့ရှိတယ်။ သူငယ်ချင်းတွေကိုလည်း အတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမယ့် ကျန်သုံးယောက်က အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေကြပါတယ်။ ဘူပန်ရဲ့မွေးနေ့တစ်ရက်မှာတော့ လေးယောက်အတူ ဧဝရတ်တောင်တက်ခရီး သွားဖို့ အစီအစဉ်ဆွဲဖြစ်ကြတယ်။ ဒါပေမယ့် ခရီးမထွက်ရသေးခင်မှာပဲ ဘူပန် ဆုံးပါးသွားခဲ့ပါတယ်။ ကျန်သူငယ်ချင်းသုံးယောက်လည်း သူ့ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ပေးဖို့ ဧဝရတ်တောင်ထိပ်ကို တက်ကြဖို့ ဖြစ်လာတော့တယ်။ ငယ်ရွယ်သူတွေအတွက်တောင် မလွယ်တဲ့ ဒီခရီးကို အသက်ခုနစ်ဆယ်အရွယ် သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ။ ခရီးတစ်လျှောက်မှာ ဘာတွေကြုံရမလဲ၊ သူငယ်ချင်းရဲ့ဆန္ဒကို ဖြည့်ပေးနိုင်ကြပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ အမီတာဘဂျမ်းနဲ့အတူ Anupam Kher၊ 3 Idiots ထဲက ဗိုင်းရပ်စ်အဖြစ် ပါဝင်ခဲ့တဲ့ Boman Irani နဲ့ Parineeti Chopra တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း