Love 101
တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒန်းရဲ့နေ့ရက်တွေက မနက်အလုပ်သွား၊ ညနေအိမ်ပြန်၊ အနားယူပြီး အိပ်လိုက်နဲ့ပဲ ကုန်ဆုံးနေပါတယ်။ ဒီလို နေ့တိုင်းပုံစံတူ ဖြတ်သန်းနေရတဲ့ သူ့ဘဝထဲကို တစ်နေ့မှာ အထက်တန်းကျောင်းသူအရွယ် ဖတ် ရောက်လာခဲ့တယ်။ ဒန်းက ဖတ်ထက် အသက်သုံးဆယ်ကျော် ကြီးသလို သူ့အဖေထက်တောင် အသက်ကြီးသူပါ။ တခြားသူတွေက ဒန်းရဲ့ရုပ်ရည်ကို အမျိုးမျိုးဝေဖန်ကြပေမယ့် ဖတ်အမြင်မှာတော့ သူက ရိုးရိုးလေးနဲ့ ခန့်နေတယ်။ နှစ်ယောက်သား ချစ်သူတွေဖြစ်လာတဲ့အခါ အသက်ကွာဟမှုများလွန်းတာကြောင့် အခက်အခဲတွေကို ရင်ဆိုင်လာရပါတယ်။ သူတို့ရဲ့အချစ်ရေးက ဒီအတားအဆီးတွေကြားမှာ ဘယ်လိုဆက်ဖြစ်မလဲ။ ဟာသနဲ့ အချစ်ဇာတ်လမ်းကို တွဲထားတဲ့ ဒီကားမှာ ဒန်းအဖြစ် ထိုင်းဟာသသရုပ်ဆောင် Phetthai Vongkumlao နဲ့ ဖတ်အဖြစ် Daraphak Thawinun တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း