ဇာတ်ကားများ ရွေးရန်

The Texas Chainsaw Massacre: The Beginning

2006ဇာတ်ကားအမှတ် 6.1/1091 မိနစ်

တက္ကဆက်စ်က လူသူအရောက်အပေါက်နည်းတဲ့ ကွင်းပြင်တစ်နေရာမှာ ဟီဝစ်မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ အစာရေစာရှားပါးမှုကြောင့် တခြားသူတွေ ပြောင်းရွှေ့ကုန်ကြပေမယ့် သူတို့ကတော့ ဆက်နေခဲ့ကြတယ်။ ဆင်းရဲဒုက္ခတွေကြားမှာ မိသားစုဝင်တွေရဲ့ စိတ်အခြေအနေကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။ တစ်နေ့မှာ သူတို့ရဲ့မွေးစားသား တွမ်မီက သူအလုပ်လုပ်နေတဲ့ သားသတ်ရုံပိုင်ရှင်ကို သတ်လိုက်တယ်။ အဲဒီဖြစ်ရပ်ကနေ ဟီဝစ်မိသားစုရဲ့ ရက်စက်တဲ့ လူသတ်မှုတွေ စတင်လာပါတယ်။ ဒီကားက ဟီဝစ်မိသားစုရဲ့ အစပြုဇာတ်လမ်းဖြစ်ပြီး လူ့အရေပြားမျက်နှာဖုံးတပ်ထားတဲ့ ချိန်းဆောလူသတ်သမား ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာနဲ့ ကျန်မိသားစုဝင်တွေအကြောင်းကို ပြထားတာပါ။ ဗီယက်နမ်စစ်ပွဲဆီ စေလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့ရဲ့ချစ်သူနှစ်ယောက်ဟာ တက္ကဆက်စ်ကို ဖြတ်သန်းသွားရင်း ဟီဝစ်မိသားစုနဲ့ ဆုံမိကြပါတယ်။ သူတို့ရဲ့လမ်းခရီးကနေ ဟီဝစ်မိသားစုရဲ့ လူသတ်မှုတွေနဲ့ ဆက်စပ်သွားတဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်းဖြစ်ပြီး အကြမ်းဖက်ပြကွက်တွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း