ဇာတ်ကားများ ရွေးရန်

Running Man

2013ဇာတ်ကားအမှတ် 6.4/10127 မိနစ်

အထက်တန်းကျောင်းသားဘဝကတည်းက ပြစ်မှုမှတ်တမ်းတွေ တသီတတန်းရှိခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အခုတော့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းကောင်းမှာ နေနိုင်ဖို့ ကြုံရာအလုပ်တွေ လုပ်နေပါတယ်။ နေ့စားအငှားကားလည်း မောင်းရင်း တစ်နေ့မှာ ပိုက်ဆံပေါပြီး လေဆိပ်ကို အမြန်သွားချင်နေတဲ့ ခရီးသည်တစ်ယောက်နဲ့ ဆုံမိတယ်။ ဒါပေမယ့် အဲဒီခရီးသည် အသတ်ခံလိုက်ရပြီး လူသတ်သမားကို မသိရသေးခင်မှာပဲ ကားမောင်းသူဆီ အပြစ်ပုံကျလာပါတယ်။ ကိုယ်မကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ဝရမ်းပြေးဖြစ်သွားတဲ့သူဟာ ထွက်ပြေးရင်းနဲ့ပဲ အမှုအမှန်ပေါ်လာဖို့ စုံစမ်းရတယ်။ အရင်က လေလွင့်နေခဲ့စဉ် တတ်ထားတဲ့ နည်းမျိုးစုံကို အသုံးချပြီး နောက်ကလိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူဆိုးတွေနဲ့ ရဲတွေကို လှည့်စားရှောင်တိမ်းနေရပါတယ်။ အမှုနဲ့ပတ်သက်သူတွေ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရပြီး အကြောင်းအရာတွေကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ဖမ်းဖို့ ဝင်ကူလာတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အရှုပ်အထွေးတွေကြားက တရားခံအစစ်ဟာ ဘယ်သူလဲ၊ သားအဖနှစ်ယောက် အမှန်တရားကို ဖော်ထုတ်နိုင်မလားဆိုတဲ့ ဇာတ်လမ်းထဲမှာ သားအဖမေတ္တာနဲ့ ဟာသအခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း