ဇာတ်ကားများ ရွေးရန်

Boss

2013ဇာတ်ကားအမှတ် 5.6/10143 မိနစ်

ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်ကျခဲ့တဲ့ ဘောစ့်ကို ဖခင်ဖြစ်သူက သားတစ်ယောက်လို မဆက်ဆံတော့ပါဘူး။ ပြစ်ဒဏ်ကျခံပြီး ထောင်ကထွက်လာတဲ့နောက် ဘောစ့်ဟာ ဂိုဏ်းစတားတစ်ယောက် ဖြစ်လာပေမယ့် အကူအညီလိုနေသူတွေကို လိုက်ကူပေးရင်း နေထိုင်နေပါတယ်။ တစ်နေ့မှာ ဆက်ယာကန့်ဆိုသူက လူတစ်ယောက်ကို သတ်ပေးဖို့ ဘောစ့်နဲ့ စာချုပ်ချုပ်လာတယ်။ ပစ်မှတ်ဖြစ်နေသူကတော့ ဘောစ့်ရဲ့ညီ ရှိဗ့်ပါ။ ရှိဗ့်ဟာ ရဲမှူးအက်ရှုမန်ရဲ့ညီမနဲ့ ချစ်ကြိုက်နေပြီး အက်ရှုမန်က သူတို့အချစ်ရေးကို သဘောမတူဘူး။ အဲဒီအတွက် အက်ရှုမန် ဘယ်လိုလုပ်ကြံလာမလဲဆိုတာနဲ့အတူ ဘောစ့်ဟာ ဖခင်နဲ့အဆင်မပြေတဲ့ကြားက မိသားစုကို ကာကွယ်ပေးဖို့ ကြိုးစားရပါတော့တယ်။ အက်ရှုမန်ရဲ့ရန်ကို ဘောစ့် ဘယ်လိုရင်ဆိုင်မလဲဆိုတာအပြင် သူထောင်ကျခဲ့ရတဲ့ ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့အကြောင်းတွေကလည်း ရှိနေပါတယ်။ ဘောစ့်အဖြစ် Akshay Kumar သရုပ်ဆောင်ထားပြီး အတိုက်အခိုက်နဲ့ ဟာသကို တွဲဖက်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း