Cube
ယောက်ျားငါးယောက်နဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လိုရောက်လာမှန်းမသိဘဲ ကုဗတုံးပုံစံ သံအချုပ်ခန်းတစ်ခုထဲမှာ ပိတ်မိနေကြပါတယ်။ ခြောက်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် တစ်ခါမှတောင် မမြင်ဖူးကြတဲ့ သူစိမ်းတွေပါ။ သူတို့တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကလည်း ရိုးရိုးရှင်းရှင်း မရှိကြဘူး။ အခန်းက လုံးဝအလုံပိတ်ထားတာတော့ မဟုတ်ပါဘူး။ ဘေးလေးဖက်၊ အပေါ်နဲ့ အောက်မှာ ကပ်လျက်အခန်းတွေဆီ ကူးသွားလို့ရတဲ့ အပေါက်တွေ ရှိနေတယ်။ သူတို့ရောက်နေတဲ့ နေရာဟာ ဒီလိုအခန်းငယ်တွေ အများကြီးကို စုစည်းပြီး ဧရာမကုဗတုံးကြီးတစ်ခုလို တည်ဆောက်ထားတဲ့ ထူးဆန်းတဲ့အဆောက်အအုံပါ။ အခန်းတစ်ခန်းကနေ ထွက်ဖို့ ရွေးစရာအပေါက် ခြောက်ပေါက်ရှိပေမယ့် ကိုယ်ကူးလိုက်တဲ့အခန်း မှားသွားရင် အသက်ဆုံးရှုံးနိုင်တဲ့ ထောင်ချောက်တွေနဲ့ တိုးနိုင်ပါတယ်။ ဘယ်အပေါက်က အန္တရာယ်ကင်းတဲ့အခန်းဆီ ရောက်မလဲ၊ အဲဒီကနေ အဓိကထွက်ပေါက်အထိ ဘယ်လိုဆက်သွားကြမလဲ။ ဒီလူခြောက်ယောက်ထဲက ဘယ်သူတွေ အသက်ရှင်လွတ်မြောက်နိုင်မလဲဆိုတာကလည်း မသေချာသေးပါဘူး။
ဇာတ်လမ်းအကြောင်း