Make Me Believe
Sahra နဲ့ Deniz တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး သူတို့ရဲ့အဘွားနှစ်ယောက်ကလည်း သူငယ်ချင်းတွေပါ။ အဘွားတွေက မြေးနှစ်ယောက်ကို ဖူးစာဆုံစေချင်လို့ အကြောင်းပြချက်တွေဖန်တီးပြီး နယ်ကို ပြန်ခေါ်လိုက်ကြတယ်။ ဒါပေမဲ့ ပြန်ဆုံလာတဲ့ Sahra နဲ့ Deniz တို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်တောင် မမြင်ချင်လောက်အောင် မုန်းနေကြပါတယ်။ အဘွားနှစ်ယောက်က နီးစပ်အောင် ကြံပေးလေလေ အလွဲအချော်တွေဖြစ်လေလေနဲ့ ရုံးရောက်ဂတ်ရောက်အထိ ဖြစ်ကုန်ကြတယ်။ ဒီနှစ်ယောက်ကြားမှာ ဘယ်လိုရန်ငြိုးတွေရှိနေတာလဲ၊ အဘွားတွေ မျှော်လင့်သလို ပြန်ပြေလည်နိုင်ကြမလားဆိုတာကို ရှုခင်းလှလှနဲ့ အရောင်အသွေးစုံစုံကြားမှာ ပြောပြထားတဲ့ တူရကီအချစ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း