ဇာတ်ကားများ ရွေးရန်

The Childe

2023ဇာတ်ကားအမှတ် 7.9/10118 မိနစ်

ဖိလစ်ပိုင်ရဲ့ မြေအောက်ကြေးစားလက်ဝှေ့လောကမှာ ကျင်လည်နေတဲ့ ဖိုက်တာတစ်ယောက်ဟာ ကိုရီးယားလူမျိုးဖခင်နဲ့ ဖိလစ်ပိုင်လူမျိုးမိခင်တို့က မွေးဖွားလာသူပါ။ လက်ရှိမှာ မိခင်နဲ့အတူ နေထိုင်ပြီး ကျန်းမာရေးမကောင်းတဲ့ မိခင်အတွက် ကြုံရာကြိုးဝိုင်းမှာ လက်ဝှေ့ထိုးရင်း ပိုက်ဆံရှာနေရတယ်။ သူဖြစ်ချင်တာက ကိုရီးယားမှာရှိတဲ့ ဖခင်ကို ရှာတွေ့ပြီး မိသားစုအတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ပါ။ တစ်နေ့မှာ အဖေဘက်ကလူတွေက သူ့ကို ရှာတွေ့သွားပြီး ကိုရီးယားကို လိုက်ခဲ့ဖို့ ခေါ်လာကြပါတယ်။ ဖခင်နဲ့တွေ့ရတော့မယ်ဆိုပြီး ထွက်လာတဲ့ခရီးမှာတော့ မမျှော်လင့်ဘဲ ကြေးစားလူသတ်သမားအများအပြားက သူ့နောက်ကို လိုက်လာကြတယ်။ Kim Seon-Ho ကို လက်မရွံ့တဲ့ ကြေးစားလူသတ်သမားဟန်ပန်နဲ့ တွေ့ရမယ့် အက်ရှင်ဒရာမာဖြစ်ပြီး ကြမ်းတမ်းတဲ့ သတ်ဖြတ်ခန်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း