ဇာတ်ကားများ ရွေးရန်

Terror Train

2022ဇာတ်ကားအမှတ် 5.1/1090 မိနစ်

ကျောင်းသားအဖွဲ့အစည်းတစ်ခုမှာ အသစ်ဝင်လာသူတွေဟာ အဖွဲ့ဝင်ဖြစ်ဖို့ အရင်လူတွေရဲ့ နောက်ပြောင်မှုနဲ့ စမ်းသပ်မှုတွေကို ဖြတ်သန်းရလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာ ဒီလိုပဲ ပျော်စရာသဘောနဲ့ လုပ်လာခဲ့ကြပေမယ့် Kenny နဲ့ Alana ဆိုတဲ့ ကျောင်းသားသစ်နှစ်ယောက်ကို အဖွဲ့ထဲလက်ခံမယ့်အချိန်မှာတော့ အမှားတစ်ခု ဖြစ်သွားတယ်။ နောက်ပြောင်မှုက လွန်လွန်ကျူးကျူးဖြစ်သွားပြီး Kenny ဟာ စိတ်ကျန်းမာရေးဆေးရုံအထိ ရောက်သွားရပါတယ်။ Alana က သူ့ကြောင့် ဒီလိုဖြစ်ရတာကို စိတ်မကောင်းဖြစ်နေပေမယ့် အဖွဲ့ဥက္ကဋ္ဌ Doc နဲ့ အတန်းကြီးကျောင်းသားတွေကြောင့် ဘာမှမလုပ်နိုင်ဘဲ ကြည့်နေခဲ့ရတယ်။ သုံးနှစ်ကြာပြီး အဲဒီကိစ္စကို မေ့လျော့စပြုလာတဲ့အချိန်မှာ သူတို့ကျောင်းသားတစ်စုက Halloween ညအတွက် အပျော်စီးရထားခရီးတစ်ခု စီစဉ်ကြပါတယ်။ ဒါပေမယ့် ပျော်ဖို့ထွက်လာတဲ့ ခရီးမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရတယ်။ ဘယ်သူက ဘာကြောင့် သူတို့ကို ပစ်မှတ်ထားနေတာလဲ၊ အရင်တုန်းက Kenny နဲ့များ ပတ်သက်နေမလားဆိုတာ မသိရဘဲ ရထားပေါ်က လူတိုင်းကို သံသယဝင်စရာ ဖြစ်လာပါတယ်။ Terror Train (1980) ကို ပြန်လည်ရိုက်ကူးထားတဲ့ ထိတ်လန့်သည်းဖို၊ လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း