ဇာတ်ကားများ ရွေးရန်

Stellar: A Magical Ride

2022ဇာတ်ကားအမှတ် 6.7/1098 မိနစ်

ယုံဘယ်က ကားအငှားလောကမှာ လူသိများသူတစ်ယောက်ပါ။ တစ်နေ့တော့ သူပို့ပေးရမယ့် ကားတစ်စီးကို သူငယ်ချင်း ဒုန်းရှစ်က ယူပြီး ပျောက်သွားလို့ အခက်တွေ့ပါတော့တယ်။ ပျောက်သွားတဲ့ ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး လူဆိုးဂိုဏ်းတစ်ခုကပါ ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြတယ်။ ဒီကြားထဲ အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရလို့ ယုံဘယ်က ဈာပနကို သွားခဲ့ရပါတယ်။ အဲဒီမှာ အဖေ တက္ကစီမောင်းပြီး အသက်မွေးခဲ့တဲ့ ကားဟောင်းလေးကို ရှာတယ်။ အရင်က သူသိထားတဲ့ ဇိမ်ခံကားလေးဟာ အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်မရတော့တဲ့ အခြေအနေကို ရောက်နေပြီ။ ဒါပေမယ့် ယုံဘယ်က ဒီကားလေးကိုပဲ စီးပြီး ပျောက်နေတဲ့ကားကို လိုက်ရှာဖို့ စီစဉ်လိုက်ပါတယ်။ လူဆိုးတွေ အသည်းအသန်လိုက်နေတဲ့ အဖိုးတန်ပစ္စည်းက ဘာများဖြစ်မလဲ။ ယုံဘယ်ကတော့ အဖေ့ကားဟောင်းလေးနဲ့ ကားပျောက်လိုက်ရှာရင်း ဒုက္ခမျိုးစုံနဲ့ အလွဲတွေ ကြုံရပါတော့တယ်။ Terius Behind Me ထဲက Son Ho Jun၊ Squid Game မှာ နံပါတ် 101 အဖြစ် ပါဝင်ခဲ့တဲ့ Heo Sung Tae နဲ့ All of Us Are Dead ထဲမှာ စုံထောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lee Kyu Hung တို့က ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း