ဇာတ်ကားများ ရွေးရန်

Asteroid City

2023ဇာတ်ကားအမှတ် 6.7/10105 မိနစ်

Asteroid City က ပြဇာတ်တစ်ပုဒ်နဲ့ အဲဒီပြဇာတ်နောက်ကွယ်က အကြောင်းတွေကို အပိုင်းသုံးပိုင်းနဲ့ တင်ဆက်ထားတဲ့ Wes Anderson ရဲ့ ရုပ်ရှင်ပါ။ တစ်ပိုင်းမှာ တင်ဆက်သူက ပြဇာတ် ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာ မိတ်ဆက်ပေးတယ်။ နောက်တစ်ပိုင်းမှာ ပြဇာတ်နောက်ကွယ်က သရုပ်ဆောင်တွေရဲ့ ပုံရိပ်တွေနဲ့ အကြောင်းတွေကို ပြထားပြီး ရုပ်ရှင်ရဲ့ အချိန်အများစုမှာတော့ ပြဇာတ်ထဲက ဇာတ်လမ်းကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းသုံးခုကို သိထားရင် ဇာတ်လမ်းနောက်ကို လိုက်ရတာ ပိုရှင်းပါလိမ့်မယ်။ Isle of Dogs၊ The Grand Budapest Hotel နဲ့ Moonrise Kingdom တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာရဲ့ ဒီကားမှာ Jason Schwartzman၊ Scarlett Johansson၊ Tom Hanks၊ Jeffrey Wright၊ Tilda Swinton၊ Bryan Cranston၊ Edward Norton၊ Adrien Brody၊ Steve Carell၊ Hong Chau နဲ့ Willem Dafoe တို့ ပါဝင်ထားကြပါတယ်။ အချစ်၊ ဟာသနဲ့ ဒရာမာ ရောစပ်ထားပြီး ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကို အဓိပ္ပာယ်တစ်မျိုးထက်မက ကောက်ယူနိုင်အောင် တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း