ဇာတ်ကားများ ရွေးရန်

The Unbearable Weight of Massive Talent

2022ဇာတ်ကားအမှတ် 6.8/10107 မိနစ်4K

နီကိုလက်ကေ့ဂျ်က ဒီဇာတ်ကားမှာ သူ့နာမည်နဲ့ပဲ မင်းသားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲက နစ်ခ်ကေ့ဂျ်ဟာ အကြွေးတွေထူနေပြီး ရုပ်ရှင်ရိုက်ခွင့်ရဖို့လည်း ခက်ခက်ခဲခဲ ကြိုးစားနေရသူပါ။ ဇနီးနဲ့ ကွာရှင်းထားသလို ကလေးနဲ့လည်း အဆင်မပြေဖြစ်နေတယ်။ ဒီလိုအချိန်မှာ သူဌေးတစ်ယောက်က သူ့မွေးနေ့ပါတီကို တက်ရောက်ပေးရုံနဲ့ ဒေါ်လာတစ်သန်းပေးမယ်လို့ ကမ်းလှမ်းလာပါတယ်။ ရွေးစရာမရှိတော့တဲ့ နစ်ခ်က ပေဒရိုပက်စ်ကယ် သရုပ်ဆောင်ထားတဲ့ ဟာဗီဆိုသူ သူဌေးဆီ သွားလိုက်တယ်။ မွေးနေ့ပွဲတက်ဖို့ လာခဲ့ရာက မထင်မှတ်ဘဲ စီအိုင်အေနဲ့ လူဆိုးဂိုဏ်းတို့ရဲ့ အရှုပ်အထွေးတွေကြား ညပ်မိပြီး စွန့်စားခန်းတွေ ကြုံရပါတော့တယ်။

ဇာတ်လမ်းအကြောင်း