ဇာတ်ကားများ ရွေးရန်

Career Opportunities

1991ဇာတ်ကားအမှတ် 6.9/1083 မိနစ်

ဂျင်ဒေါ့ဂ်က အရွယ်ရောက်နေပြီဖြစ်ပေမယ့် မိဘအိမ်မှာပဲ နေတုန်းပါ။ အပြောတော့ ကြီးသလောက် လက်ရှိနေသားကျနေတဲ့ဘဝကနေ ရုန်းထွက်ဖို့ မကြိုးစားချင်တဲ့သူ ဖြစ်ပါတယ်။ အလုပ်ကလည်း ခဏခဏ အထုတ်ခံရတာကြောင့် မိဘတွေပါ ငြိုငြင်လာကြပြီး တစ်နေ့မှာ သူ့အဖေက စတိုးဆိုင်တစ်ခုရဲ့ ညသန့်ရှင်းရေးအလုပ်ကို သွင်းပေးလိုက်တယ်။ ပထမဆုံးအလုပ်ဆင်းတဲ့ညမှာပဲ အထက်ဝန်ထမ်းက မနက်မှ ဆိုင်ထဲက ထုတ်ပေးမယ်ဆိုပြီး အပြင်ကနေ သော့ပိတ်သွားလို့ ဂျင်တစ်ယောက် ဆိုင်ထဲမှာ ညလုံးပေါက် နေရတော့တာပါ။ ဂျိုစီကတော့ သူဌေးသမီးတစ်ယောက်ဖြစ်ပေမယ့် ဖခင်ရဲ့တင်းကျပ်မှုကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိသလောက် ဖြစ်နေတယ်။ ဂျင်နဲ့မတူဘဲ သူက လက်ရှိဘဝကနေ ရုန်းထွက်ချင်နေသူပါ။ ဂျင် အလုပ်စဝင်တဲ့နေ့မှာပဲ ဂျိုစီက အဖေဖြစ်သူ အရှက်ရစေဖို့ စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုခုခိုးပြီး အဖမ်းခံမယ်လို့ ကြံထားတယ်။ ဒါပေမယ့် တကယ်ခိုးဖို့ကျတော့ ချီတုံချတုံဖြစ်ပြီး မခိုးဖြစ်တော့ဘဲ ဆိုင်ထဲမှာပဲ ပုန်းနေလိုက်တာကြောင့် ဂျင်နဲ့အတူ သော့ပိတ်ခံလိုက်ရပါတယ်။ ဂျင်က ဆိုင်ထဲမှာ သူတစ်ယောက်တည်းရှိတယ်ထင်ပြီး အလုပ်ထက် ဆော့ကစားတာက ပိုများနေတယ်။ အသံတွေကြားလို့ ဂျိုစီ ထွက်ကြည့်ရာက သူတို့နှစ်ယောက် တွေ့ဆုံမိကြပါတယ်။ လွတ်လပ်ခွင့်ရှိပေမယ့် နေသားကျနေတဲ့ဘဝထဲက မထွက်ချင်သူနဲ့ လွတ်လပ်ခွင့်ကို တမ်းတနေသူတို့ကြား အချစ်ပေါက်ဖွားလာမလားဆိုတဲ့အချိန်မှာပဲ လူဆိုးနှစ်ယောက်က ဆိုင်ကို ဖောက်ထွင်းဖို့ ရောက်လာကြတယ်။ Bryan Gordon ရိုက်ကူးထားပြီး ဂျင်အဖြစ် Frank Whaley၊ ဂျိုစီအဖြစ် Jennifer Connelly တို့ ပါဝင်ထားတဲ့ အချစ်ဟာသကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း