ဇာတ်ကားများ ရွေးရန်

PULAU (2023)

2023ဇာတ်ကားအမှတ် 6.0/10111 မိနစ်

ခက်တို့ သူငယ်ချင်းခုနစ်ယောက်ဟာ အားလပ်ရက်ခရီးထွက်ရင်း လူသူမဲ့ကျွန်းတစ်ခုအနီးမှာ ရေသွားကူးကြပါတယ်။ နယ်ခံလှေဆရာကြီး ပြောပြတာကတော့ အဲဒီကျွန်းဟာ သွားလာခွင့်တားမြစ်ထားတဲ့နေရာ ဖြစ်ပြီး နောက်ကြောင်းလည်း မကောင်းဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က ကျွန်းပေါ်နေသူအားလုံး ကျိန်စာမိပြီး သေဆုံးသွားကြသလို အလောင်းတွေကိုတောင် ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ခက်တို့က စူးစမ်းချင်ပေမယ့် လှေဆရာကြီး လိုက်မပို့ရဲတာကြောင့် ကျွန်းပေါ် မရောက်ဖြစ်ခဲ့ကြဘူး။ နောက်တော့ ဒီပုံပြင်ကို မယုံတဲ့ တခြားလူငယ်အဖွဲ့နဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခု လုပ်မိကြတယ်။ ရှုံးတဲ့အဖွဲ့က အဲဒီကျွန်းပေါ်မှာ တစ်ညသွားအိပ်ရမယ်ဆိုတဲ့ လောင်းကြေးပါ။ အလောင်းအစားမှာ ခက်တို့အဖွဲ့ ရှုံးသွားတဲ့အတွက် တားမြစ်ထားတဲ့ကျွန်းပေါ်ကို သွားပြီး ညအိပ်ကြရတော့တယ်။ လှေဆရာကြီးတောင် မပို့ရဲတဲ့ ဒီကျွန်းကနေ သူတို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဆက်ပြထားတဲ့ မလေးရှားသရဲကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း