ဇာတ်ကားများ ရွေးရန်

Funny People

2009ဇာတ်ကားအမှတ် 5.9/10146 မိနစ်

ဂျော့ခ်ျဆင်မွန်ဟာ ပရိသတ်ကြားမှာ နာမည်ရနေတဲ့ တစ်ဦးတည်းစင်ပေါ်တက်ဖျော်ဖြေသူ လူရွှင်တော်တစ်ယောက်ပါ။ တီဗီဇာတ်လမ်းတွေနဲ့ ဟာသရှိုးတွေမှာ အလုပ်မပြတ်ရသလို သူ့ပြက်လုံးတွေကိုလည်း လူကြိုက်များကြတယ်။ ကိုယ်ပိုင်အိမ်နဲ့ ခြံဝန်းမှာ သက်သောင့်သက်သာနေနိုင်ပြီး ကိုယ်ပိုင်ဂျက်လေယာဉ် ဝယ်စီးနိုင်လောက်အောင် ဝင်ငွေကောင်းသူပါ။ အဲဒီလို အောင်မြင်နေချိန်မှာပဲ ပြင်းထန်တဲ့ရောဂါတစ်ခု ခံစားနေရကြောင်း သိလိုက်ရပါတယ်။ ဘဝကို လက်လျှော့ရတော့မလားလို့ ခံစားနေရချိန်မှာ သူ့ကို အထင်ကြီးအားကျနေတဲ့ လူရွှင်တော်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိသွားတယ်။ လူတွေကို ရယ်မောအောင်လုပ်ပေးနေသူတွေရဲ့ဘဝမှာလည်း စိုးရိမ်ပူပန်မှုနဲ့ အခက်အခဲတွေ ရှိတတ်ပုံကို တင်ပြထားတဲ့ ဟာသဒရာမာဖြစ်ပြီး အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း