ဇာတ်ကားများ ရွေးရန်

Bakuman

2015ဇာတ်ကားအမှတ် 6.3/10119 မိနစ်

မရှိရိုက ပုံဆွဲတော်ပေမယ့် ဇာတ်လမ်းမစဉ်းစားတတ်ဘူး။ တကဂိကတော့ ဇာတ်လမ်းကောင်းကောင်းရေးတတ်ပေမယ့် ပုံဆွဲတာမှာ အလွန်ညံ့ပါတယ်။ အားသာချက်မတူတဲ့ အထက်တန်းကျောင်းသားနှစ်ယောက် ပေါင်းပြီး မန်ဂါဖန်တီးတဲ့ ပညာရှင်တွေဖြစ်လာဖို့ အဖွဲ့ဖွဲ့လိုက်ကြတယ်။ သူတို့ရဲ့ရည်မှန်းချက်က နာမည်ကြီး Shonen JUMP မှာ မန်ဂါရေးဆွဲခွင့်ရဖို့ပါ။ ဒီလိုနဲ့ JUMP တည်းဖြတ်ဌာနကို စာမူကြမ်းသွားပြပြီး တဲဇုကဆုအတွက်လည်း ကြိုးစားကြပါတယ်။ ဒါပေမယ့် မန်ဂါကို အခန်းဆက်ထုတ်ဝေခွင့်ရဖို့ဆိုတာ ဝါရင့်ပညာရှင်တွေအတွက်တောင် မလွယ်ပါဘူး။ ကျောင်းသားအရွယ် လူသစ်နှစ်ယောက်အနေနဲ့ အဲဒီနေရာမှာ ဝင်ယှဉ်ပြိုင်ရင်း မန်ဂါဖန်တီးမှုနဲ့ အသက်မွေးဝမ်းကျောင်းအဖြစ် ရပ်တည်နိုင်ဖို့ အခက်အခဲတွေကို ဖြတ်သန်းကြရတယ်။ မရှိရိုအဖြစ် Takeru Satou၊ တကဂိအဖြစ် Kamiki Ryunosuke တို့ သရုပ်ဆောင်ထားပြီး နှစ်ယောက်စလုံးက Ruroni Kenshin မှာ ပါဝင်ခဲ့သူတွေပါ။ Nana Komatsu ကတော့ မရှိရိုရဲ့ အချစ်ဦးအဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း