ဇာတ်ကားများ ရွေးရန်

Karungaapiyam

2023ဇာတ်ကားအမှတ် 7.0/10134 မိနစ်

ကိုဗစ်ကာလမှာ သွားလာဆက်သွယ်မှုတွေ ပြတ်တောက်ပြီး လူတွေ သီးခြားနေကြရတဲ့အချိန်၊ ချစ်သူရဲ့ပစ်ပယ်တာကိုပါ ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူငယ်ချင်းရဲ့အကူအညီနဲ့ ရှေးဟောင်းစာကြည့်တိုက်တစ်ခုမှာ စာသွားဖတ်ဖို့ အခွင့်အရေးရလာပါတယ်။ အဲဒီမှာ သူဖတ်မိသွားတာက စာကြည့်တိုက်စတည်ကတည်းက ရှိနေခဲ့တဲ့ နှစ်တစ်ရာကျော်သက်တမ်းရှိ ‘မဟူရာ ပုံပြင်များ’ ဆိုတဲ့ စာအုပ်ပါ။ အဲဒီပုံပြင်တွေထဲမှာ ဘယ်လိုအဖြစ်အပျက်တွေ ပါနေသလဲ၊ အပြင်လောကနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ စာဖတ်နေတဲ့ သူနဲ့ရော ဘာပတ်သက်မှုရှိနေနိုင်သလဲဆိုတဲ့ မေးခွန်းတွေကနေ ဇာတ်လမ်းဆက်သွားပါတယ်။ ကိုဗစ်ကာလရဲ့ အိပ်မက်ဆိုးလို အတွေ့အကြုံတွေကို ဟာသအနည်းငယ်နဲ့ ရောစပ်တင်ဆက်ထားပြီး Kajal Aggarwal၊ Regiana Cassandra နဲ့ ဘာဘူတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း