ဇာတ်ကားများ ရွေးရန်

Welcome to Dongmakgol

2005ဇာတ်ကားအမှတ် 7.5/10133 မိနစ်

၂၀၀၅ ခုနှစ်ထွက် ဒီဇာတ်ကားက ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား စစ်ပွဲကာလကို နောက်ခံထားပါတယ်။ ဝေးလံခေါင်သီတဲ့ တောင်ပေါ်မှာ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးတစ်ရွာရှိပြီး ရွာသူရွာသားတွေက အပြင်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ အဆက်ပြတ်နေကြတယ်။ အဲဒီရွာကို လေယာဉ်ပျက်ကျလာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦး ရောက်လာပါတယ်။ စစ်ပွဲကြောင့် တောထဲမှာ လမ်းပျောက်နေကြတဲ့ တောင်ပိုင်းစစ်သားနှစ်ယောက်နဲ့ မြောက်ပိုင်းစစ်သားသုံးယောက်လည်း ရွာကို ရောက်လာကြတယ်။ လူမျိုးရော ဘာသာစကားပါ မတူတဲ့ ကပ္ပတိန်၊ အချင်းချင်း ရန်သူတွေဖြစ်နေတဲ့ စစ်သားတွေ၊ သူတို့ကြားက အကြောင်းတွေကို ဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေက တစ်နေရာတည်းမှာ ဆုံမိကြတာပါ။ သူတို့ကြားက အလွဲတွေကို ဟာသနဲ့ ပြထားသလို စစ်ပွဲနောက်ခံအောက်မှာ အချစ်၊ အမုန်းနဲ့ သံယောဇဉ်အကြောင်းတွေကိုလည်း တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း