Phir Bhi Dil Hai Hindustani
ရှရွတ်ခန်းနဲ့ Juhi Chawla တို့ ပါဝင်ထားတဲ့ ဒီနိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာမှာ အဂျေးက လူသိများတဲ့ သတင်းထောက်တစ်ယောက်ပါ။ သူ့ကိုယှဉ်ပြိုင်ဖို့ ရောက်လာသူကတော့ သတင်းထောက်မလေး ရီယား။ ပြိုင်ဘက်ရုပ်သံလိုင်းတွေမှာ အလုပ်လုပ်နေကြတဲ့ သူတို့နှစ်ယောက်က တွေ့လိုက်တိုင်း တကျက်ကျက်ဖြစ်နေကြပါတယ်။ တစ်နေ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ဟောပြောပွဲမှာ လူသတ်မှုဖြစ်သွားတဲ့နောက် ဒီနှစ်ယောက်က အမှုနောက်ကွယ်က အမှန်တရားကို လိုက်ရှာကြတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေထဲ ရောက်သွားကြပါတယ်။ ငွေနဲ့အာဏာကြားမှာ သာမန်လူတစ်ယောက် ဘယ်လောက်ရိုးသားပါစေ ဒုက္ခရောက်နိုင်တဲ့ အခြေအနေကိုလည်း ဇာတ်လမ်းက ပြထားတယ်။ ငွေအင်အား၊ အာဏာအင်အား မရှိတဲ့ သတင်းထောက်နှစ်ယောက်က စဉ်းလဲတဲ့ နိုင်ငံရေးလောကရဲ့ ဘေးဒဏ်ကို ခံနိုင်ပါ့မလား၊ သူတို့ရှာနေတဲ့ တရားမျှတမှုကိုရော ရယူပေးနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း