France
ဖရန့်စ်က ပြင်သစ်မှာ လူကြိုက်များတဲ့ ရုပ်သံတင်ဆက်သူတစ်ယောက်ပါ။ သူ့အစီအစဉ်တွေကို မလွတ်တမ်း စောင့်ကြည့်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ နာမည်ကြီးလာလေ တခြားဂျာနယ်လစ်တွေ မရိုက်တဲ့ အစီအစဉ်မျိုးကို လုပ်ချင်လေဖြစ်ပြီး အောင်မြင်မှုနဲ့အတူ ဝင်ငွေလည်း ကောင်းလာပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးက အေးစက်နေသလို အလုပ်များလွန်းတာကြောင့် သားတစ်ယောက်ကိုလည်း ကောင်းကောင်း အချိန်ပေးမစောင့်ရှောက်နိုင်ဘူး။ တစ်နေ့ သားကို ကျောင်းလိုက်ပို့ရင်း ဘတ်စတစ်ဆိုတဲ့ ကောင်လေးကို ကားနဲ့တိုက်မိသွားတယ်။ ဘတ်စတစ်တို့မိသားစုက ဆင်းရဲကြပြီး သူ့ပရိသတ်တွေလည်း ဖြစ်နေကြပါတယ်။ ဖရန့်စ်က လျော်ကြေးပေးလိုက်ပေမယ့် ဖြစ်ရပ်က အဲဒီမှာပဲ မပြီးသွားဘူး။ ပြိုင်ဘက်သတင်းသမားတွေအတွက် သတင်းထူးဖြစ်သွားပြီး မျက်နှာဖုံးသတင်းခေါင်းစဉ်ကြီးတွေအထိ ပါလာတယ်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တွေမှာပါ အရှက်ရစရာ ကြုံလာရပြီး အရင်က မကြုံဖူးတဲ့ ဒီဖြစ်ရပ်ကြောင့် သူ့ဘဝ ပြောင်းလဲလာပါတယ်။
ဇာတ်လမ်းအကြောင်း