ဇာတ်ကားများ ရွေးရန်

L-O-V-E...... Love

1997ဇာတ်ကားအမှတ် 5.3/1096 မိနစ်

ဟောင်ကောင်ကိုယ်စားပြု အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အလှမယ်တစ်စု ရောက်လာကြပါတယ်။ သူတို့လာရတဲ့ ရည်ရွယ်ချက်က ပြိုင်ပွဲဝင်ဖို့ဆိုပေမယ့် တကယ်မျှော်လင့်ထားတာကတော့ ငွေကြေးတတ်နိုင်တဲ့ သူဌေးတွေနဲ့ နီးစပ်ဖို့ပါ။ တစ်ဖက်မှာလည်း တစ်နေ့ကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှိတဲ့ လူငယ်သူဌေးသား စူပါက အလုပ်တွေများလွန်းလို့ လူမသိသူမသိဘဝနဲ့ ခဏလောက် နေချင်နေတယ်။ ဒီလို ရည်ရွယ်ချက်အသီးသီးရှိကြသူတွေကြား အလှမယ်ပြိုင်ပွဲတစ်လျှောက် ဖြစ်လာတဲ့ အလွဲတွေကို ဟာသနဲ့ တင်ဆက်ထားပါတယ်။ Shu Qi နဲ့ Vivian Hsu တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟောင်ကောင်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း