The African Desperate
Palace ဟာ အနုပညာကျောင်းကနေ ကျောင်းပြီးတော့မယ့် Aquarius ရာသီဖွား မိန်းကလေးတစ်ယောက်ပါ။ ကျောင်းမပြီးခင် နောက်ဆုံး ၂၄ နာရီအတွင်း သူကြုံရတဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေကို ဟာသနှောပြီး ပြထားပါတယ်။ တစ်ဘဝလုံး ယုံကြည်လာခဲ့သမျှကို တစ်ရက်တာအတွင်း ကြုံရတဲ့အဖြစ်တွေက ပြောင်းလဲပစ်နိုင်မလားဆိုတဲ့ မေးခွန်းနဲ့အတူ အနုပညာကျောင်းက ဘွဲ့တစ်ခုအပေါ် ပြန်စဉ်းစားစရာတွေ ပါလာတယ်။ အမေရိကန်ဒါရိုက်တာ Martine Syms ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီး သူ့ကိုယ်ပိုင်ခံစားမှုတွေလည်း ထည့်သွင်းထားပါတယ်။ အနုပညာကျောင်းတွေအကြောင်းကို ရှုထောင့်တစ်မျိုးကနေ ပုံဖော်ထားတဲ့ ဒီအရွယ်ရောက်ခြင်းဆိုင်ရာ ဟာသဒရာမာမှာ လမ်းပေါ်ဓာတ်ပုံတွေကို ကိုးကားထားတဲ့ ရိုက်ချက်တွေနဲ့ ခပ်ကြမ်းကြမ်းနောက်ခံတေးဂီတကို သုံးထားပါတယ်။
ဇာတ်လမ်းအကြောင်း