Delicatessen
ကမ္ဘာပျက်ကပ်ကြီးအပြီး ပြင်သစ်နိုင်ငံမှာ သားသတ်သမား Clapet က တိုက်ဟောင်းတစ်လုံးကို ပိုင်ဆိုင်ပြီး အခန်းငှားစားနေပါတယ်။ သူက တိုက်မှာ တောက်တိုမည်ရလုပ်ဖို့ အလုပ်သမား အမြဲလိုနေတာပါ။ တိုက်ဟောင်းကြီးကို ပြုပြင်စရာတွေ များနေလို့လည်းဖြစ်သလို လာလုပ်တဲ့အလုပ်သမားတွေကို သူကိုယ်တိုင် ခုတ်ထစ်ရောင်းစားနေလို့လည်း ဖြစ်နေတယ်။ ဒီအကြောင်းကိုမသိတဲ့ ဆပ်ကပ်သမားဟောင်း Louison ဟာ အလုပ်အရမ်းလိုနေတာနဲ့ အလုပ်ခေါ်စာကိုတွေ့ပြီး ရောက်လာပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ သူ့ကို Clapet ရဲ့သမီးက သဘောကျသွားတဲ့အခါမှာတော့ ချစ်ရသူတစ်ယောက် ဟင်းတစ်ခွက်ဖြစ်မသွားခင် ကယ်တင်ဖို့ ကြိုးစားရတော့တယ်။ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဟာ ထိတ်လန့်စရာနဲ့ စိတ်မသက်မသာဖြစ်စရာတွေကို ဟာသအမည်းနဲ့ တွဲဖက်ထားတဲ့ရုပ်ရှင်ပါ။ သာမန်လူသတ်ကားတွေလို အကြမ်းဖက်လှုပ်ရှားခန်းတွေကိုပဲ အားပြုထားတာမျိုးတော့ မဟုတ်ပါဘူး။ မသေခင်ကြည့်သင့်တဲ့ ရုပ်ရှင် ၁၀၀၁ ကားစာရင်းမှာလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း