ဇာတ်ကားများ ရွေးရန်

The Spy Who Never Dies

2022ဇာတ်ကားအမှတ် 4.2/1099 မိနစ်

အေးဂျင့်ဘရတ်ဒလေက ဘယ်လိုတိုက်ခိုက်ခံရခံရ မသေဘဲ ပစ်သမျှကျည်တွေနဲ့လည်း လွတ်နေတတ်တဲ့ စပိုင်တစ်ယောက်ပါ။ နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့အခါ ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးလာတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း တိရစ္ဆာန်ကုဆရာဝန်မလေး ဗရော်နီကာနဲ့ တွေ့မိပြီး သူ့ဘဝမှာ အရေးပါတဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ ဗရော်နီကာမှာ ရှားပါးတဲ့ နှလုံးရောဂါတစ်ခု ရှိနေတယ်။ ဘရတ်ဒလေက အေးအေးချမ်းချမ်း အငြိမ်းစားနေချင်ပေမယ့် သူ့ဘဝကို လာနှောင့်ယှက်တဲ့ လူဆိုးတွေကြောင့် ချစ်ရသူကို ကယ်တင်ဖို့ ဖြစ်လာပါတယ်။ သူ့အေဂျင်စီကလည်း အငြိမ်းစားဘဝထဲကနေ သူ့ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားနေကြတယ်။ ရုရှားလူဆိုးတွေကို ရင်ဆိုင်ရတဲ့ ဒီအက်ရှင်ဟာသမှာ ဂျွန်ဝစ်နဲ့ ဂျိမ်းစ်ဘွန်းအပါအဝင် ရုပ်ရှင်အမျိုးမျိုးကို ပြောင်လှောင်ထားပါတယ်။ နောက်ခံတီးလုံးကိုလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင် ဖန်တီးထားပြီး စပိုင်ကားတွေမှာ တွေ့ရတတ်တဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ ကိရိယာဆန်းတွေလည်း ပါဝင်တယ်။

ဇာတ်လမ်းအကြောင်း