Daaka
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ လူပျိုကြီး ရှင်ဒီမှာ ရူပီးနှစ်သိန်းတန် မြေကွက်တစ်ကွက်၊ တံခါးပေါက်တွေတောင် မရှိတော့တဲ့ အိမ်တစ်လုံး၊ ခြေထောက်သုံးချောင်းပဲ အကောင်းကျန်တဲ့ ကုတင်တစ်လုံးနဲ့ ဆီအမြဲပြတ်နေတတ်တဲ့ ဆိုင်ကယ်တစ်စင်း ရှိပါတယ်။ ဘဝက မပြေလည်ပေမယ့် သူ့ကို သိပ်ချစ်တဲ့ အထက်တန်းလွှာက ချစ်သူတစ်ယောက်နဲ့ ညီအစ်ကိုလို ရင်းနှီးတဲ့ ဘာလီကတော့ သူ့ဘေးမှာ ရှိနေကြတယ်။ ရှင်ဒီနဲ့ ဘာလီတို့ဟာ ဈေးဆိုင်ကြီးတစ်ဆိုင်ရဲ့ ရှေ့မှာ ဖုန်းပြင်ဆိုင်သေးသေးလေး ဖွင့်ပြီး အသက်မွေးကြပါတယ်။ ရှင်ဒီက စီးပွားရေးအကြံအစည်တွေ ထုတ်တတ်သူဖြစ်ပြီး ဘာလီကတော့ သူပြောသမျှကို နားထောင်လို့ လက်တွေ့လုပ်ပေးသူပါ။ နှစ်ယောက်သား အတူရုန်းကန်နေကြပေမယ့် ငွေကြေးအခြေအနေကတော့ ချောင်လည်မလာပါဘူး။ တစ်နေ့မှာ သူတို့မှီခိုနေရတဲ့ ဈေးဆိုင်ကြီးကို ပိုင်ရှင်က ရောင်းတော့မယ်ဆိုတဲ့ အကြောင်း သိလာရတယ်။ ပိုင်ရှင်အသစ်က သူတို့ကို ဆိုင်ရှေ့မှာ ဆက်ဖွင့်ခွင့်ပေးပါ့မလား မသေချာတာကြောင့် ဆိုင်ကြီးကို သူတို့ကိုယ်တိုင် ဝယ်ဖို့ လိုလာပါတယ်။ ရှင်ဒီကလည်း ချစ်သူရဲ့ဖခင် အထင်ကြီးလာအောင် ဒီဆိုင်ကို ဝယ်ချင်နေတယ်။ တစ်ဖက်မှာ ဘာလီရဲ့သမီးလေးက အစာအိမ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရပြီး ဆေးကုဖို့ ငွေအများကြီး လိုနေပြန်ပါတယ်။ ငွေရှာဖို့ ကြံရာမရတဲ့အဆုံး နှစ်ယောက်သား ရွာထဲက ဘဏ်ငယ်လေးတစ်ခုကို ဓားပြတိုက်ဖို့ စီစဉ်ကြတယ်။ ရှင်ဒီရဲ့ အစီအစဉ်အတိုင်း အဆင်ပြေနေရာက ဖမ်းဆီးခံထားရတဲ့ လူလိမ်ရာဇဝတ်ကောင် စူကာချန်းကို သူ့တပည့်တွေ ရဲစခန်းဝင်စီးပြီး လာကယ်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။ ဒါကြောင့် ဓားပြမှု အောင်မြင်ခါနီးမှ ငွေတစ်ပြားမှ မရဘဲ ထွက်ပြေးခဲ့ရတယ်။ အစိုးရဆီက သန်း ၅၀၀ လိမ်ယူထားတဲ့ စူကာချန်းလည်း ကယ်ထုတ်မှု မအောင်မြင်လို့ ရွာထဲမှာ ပိတ်မိနေပါတယ်။ ထွက်ပြေးလာတဲ့ ရှင်ဒီတို့နှစ်ယောက်နဲ့ ဆုံမိတဲ့အခါ သူက အပေးအယူတစ်ခု ကမ်းလှမ်းလာတယ်။ သူ့ကို ရွာပြင်ရောက်အောင် ထုတ်ပေးနိုင်ရင် သူတို့နှစ်ယောက်ကို သန်း ၅၀ ပေးမယ်တဲ့။
ဇာတ်လမ်းအကြောင်း