Duplicate
မန်နူးဒါဒါက ငွေရဖို့ဆို ဘာမဆိုလုပ်မယ့် လူမိုက်တစ်ယောက်ပါ။ ဘဗ်လူးကတော့ မိခင်ကို ပျော်ပျော်ရွှင်ရွှင် ထားချင်ပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူး ဖြစ်ချင်နေသူပါ။ စိတ်ထားရော ရည်ရွယ်ချက်ပါ ကွာခြားတဲ့ ဒီဇာတ်ကောင်နှစ်ယောက်စလုံးကို ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ မန်နူးကို လိုက်ဖမ်းနေတဲ့ ရဲတွေက ဘဗ်လူးကို လူမှားဖမ်းမိရာက အရှုပ်အထွေးတွေ စလာတယ်။ မန်နူးက ရိုးသားတဲ့ ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာပါတယ်။ ဘဗ်လူးက ကြောက်တတ်သူဖြစ်ပေမယ့် ကိုယ့်အပေါ် အနိုင်ကျင့်လာသူကို သင်ခန်းစာပြန်ပေးဖို့ ကြိုးစားရတော့တယ်။ သူတို့နှစ်ယောက်ကြားက ပြဿနာထဲ ချစ်သူတွေနဲ့ မိသားစုတွေပါ ပါလာတဲ့အခါ ပိုပြီး ရှုပ်ထွေးလာပါတယ်။ ဇာတ်ကားက သုံးနာရီနီးပါး ကြာမြင့်ပြီး အကအလှတွေပါ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း