ဇာတ်ကားများ ရွေးရန်

The Terminal

2004ဇာတ်ကားအမှတ် 7.3/10128 မိနစ်4K

ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက်ဟာ အမေရိကကို ပထမဆုံးအကြိမ် ရောက်လာပါတယ်။ ရောက်တဲ့နေ့မှာပဲ သူ့နိုင်ငံမှာ ပြဿနာဖြစ်နေတာကြောင့် အမေရိကန် ပြည်ဝင်ခွင့် ဆိုင်းငံ့ခံလိုက်ရတယ်။ ဘာသာစကားက မကျွမ်းကျင်၊ အကူအညီတောင်းဖို့ လူမရှိ၊ နိုင်ငံသစ်ရဲ့ အထာကိုလည်း နားမလည်တဲ့သူဟာ လေဆိပ်ထဲမှာပဲ ယောင်ချာချာ ဖြစ်နေရတော့တာပါ။ အဲဒီနေရာကျဉ်းကျဉ်းထဲမှာ သူ့ကို တားဆီးသူတွေ၊ ကူညီပေးသူတွေ၊ နားမလည်သူတွေနဲ့ တွေ့ဆုံရတယ်။ အခက်အခဲတွေကြားမှာ ပျော်နိုင်အောင် ကြိုးစားရင်း သူအမေရိကကို လာခဲ့ရတဲ့ ရည်ရွယ်ချက်ကိုလည်း လက်မလျှော့ဘဲ ဆက်လုပ်နေပါတယ်။ ဟာသနဲ့ ဝမ်းနည်းစရာတွေကြားမှာ မိတ်ဆွေဖြစ်မှုနဲ့ ချစ်ခြင်းမေတ္တာအကြောင်းပါ တွဲပါလာတဲ့ Steven Spielberg ရဲ့ ဇာတ်ကားဖြစ်ပြီး Tom Hanks နဲ့ Catherine Zeta-Jones တို့ သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း